ရှင်ယာကုပ်/ဩဝါဒစာ
ရှင်ယာကုပ်/၏ နှုတ်ခွန်းဆက်/စကား
1
ဘုရားသခင်/နှင့် သခင်/ယေရှု/ခရစ်တော်/တို့/၏/ကျွန် ကျွန်ုပ်/ယာကုပ် စာရေးလိုက်၏။
ဤ/စာ/သည် အနယ်နယ်/အရပ်ရပ်တို့/တွင် ကွဲလွင့်/ပျံ့နှံ့/နေသည့်/ဂျူးလူမျိုး/ဆယ့်နှစ်မျိုး/ထံသို့ ပို့လိုက်သော/စာ/ဖြစ်၏။
ယုံကြည်ခြင်း/နှင့် သည်းခံခြင်း
2 ညီအစ်ကို/မောင်နှမတို့a… သင်တို့/သည် အမျိုးမျိုးသော/ဒုက္ခဆင်းရဲများ/နှင့် ကြုံတွေ့/သောအခါ ဝမ်းမြောက်စရာ/သက်သက် ဖြစ်ကြောင်း မှတ်ယူကြလော့။ 3 အဘယ်ကြောင့်ဆိုသော် သင်တို့/၏/ယုံကြည်ခြင်း/ကို စမ်းသပ်ခြင်း/သည် သည်းခံခြင်း/ကို ဖြစ်ပေါ်စေကြောင်း သင်တို့/သိကြ/သောကြောင့်/ဖြစ်၏။ 4 သင်တို့/သည် မည်သည့်/ချို့တဲ့မှု/မျှ မရှိဘဲ ရင့်ကျက်/လျက် ပြီးပြည့်စုံ/နိုင်ရန်/အတွက် အဆုံး/တိုင်အောင် သည်းခံ/ရမည်။
5 သင်တို့/တွင် တစ်စုံတစ်ယောက်/သည် ဉာဏ်ပညာ/ကို လိုအပ်/လျှင် ဘုရားသခင်/ထံ တောင်းစေ။ ကဲ့ရဲ့/ပြစ်တင်တော်မမူဘဲ ရက်ရော/စွာ ပေးတော်မူသော ဘုရားသခင်/သည် ထို/သူ/အား ဉာဏ်ပညာ/ကို ပေးတော်မူ/လိမ့်မည်။ 6 သို့သော် သံသယစိတ်/မရှိဘဲ ယုံကြည်သော/စိတ်/နှင့် တောင်းရမည်။ သံသယစိတ်/ရှိသောသူ/သည် လေတိုက်/၍ လှုပ်ရှားတတ်သော ပင်လယ်/လှိုင်းတံပိုး/နှင့် တူ၏။ 7 ထို/သူ/သည် ထာဝရဘုရား/ထံမှ တစ်စုံတစ်ရာ/ကို ရရှိမည်/ဟု မမျှော်လင့်/သင့်။ 8 ထိုသို့သော/သူ/သည် စိတ်/နှစ်ခွ/ရှိပြီး လုပ်ဆောင်/သမျှ/တွင် တည်ကြည်မှု/မရှိသောသူ/ဖြစ်၏။
9 နိမ့်ကျသည့်/အခြေအနေ/တွင် ရှိသော/ယုံကြည်သူတို့/သည် ချီးမြှောက်တော်မူခြင်း/ခံရ/သောကြောင့် ဂုဏ်ယူ/ဝမ်းမြောက်/တတ်ပါစေ။ 10 ချမ်းသာသော/ယုံကြည်သူတို့/သည် တောပန်းပွင့်/ကဲ့သို့ ညှိုးနွမ်းသွားမည်/ဖြစ်/သောကြောင့် နှိမ့်ချတော်မူခြင်း/ခံရ/သောအခါ ဂုဏ်ယူ/ဝမ်းမြောက်/တတ်ပါစေ။ 11 နေမြင့်လာ/သောအခါ ပူလောင်သော/အရှိန်/ကြောင့် မြက်ပင်များ ညှိုးနွမ်း/၍ အပွင့်များ ကြွေကျ/ကာ အလှတရားများ ပျောက်ကွယ်/သွားရ၏။ ထို/နည်းတူ ချမ်းသာသော/သူတို့/သည် မိမိတို့/၏/စီးပွား/ကို ရှာဖွေ/လျက်/နေစဉ် ပျောက်ကွယ်သွား/လိမ့်မည်။
12 ဒုက္ခဆင်းရဲတို့/ဖြင့် စမ်းသပ်ခြင်း/ကို အဆုံး/တိုင်အောင် ကြံ့ကြံ့ခံသော/သူ/သည် မင်္ဂလာ/ရှိ၏။ အဘယ်ကြောင့်ဆိုသော် သူ/သည် ထို/စမ်းသပ်ခြင်း/ကို အောင်မြင်/သောအခါ ဘုရားသခင်/ကို ချစ်သော/သူတို့/အတွက် ကတိထားတော်မူသည့် အသက်/ဆုသရဖူ/ကို ရမည်/ဖြစ်သောကြောင့်/ပင်။
13 လူ/သည် ဖြားယောင်း/သွေးဆောင်ခြင်း/ကို ခံရ/သောအခါ “ဘုရားသခင်/သည် ငါ့/ကို သွေးဆောင်သည်” ဟု မပြောစေနှင့်။ အဘယ်ကြောင့်ဆိုသော် မကောင်းမှု/သည် ဘုရားသခင်/ကို မသွေးဆောင်နိုင်/သောကြောင့် ဖြစ်၏။ ကိုယ်တော်/သည်လည်း မည်သူ့/ကိုမျှ ဖြားယောင်း/သွေးဆောင်/တော်မမူပေ။ 14 ဖြားယောင်း/သွေးဆောင်ခြင်း/ဟူသည်/မှာ လူ/သည် မိမိ/၏ မကောင်းသော/တပ်မက်မှု/၏ ဆွဲဆောင်ရာ/နောက်သို့ လိုက်ပါသွားခြင်း/ဖြစ်၏။ 15 ထို/မကောင်းသော/တပ်မက်မှု/သည် သန္ဓေတည်/၍ အပြစ်/ကို မွေးဖွား၏။ ထို/အပြစ်/သည် ကြီးထွားလာ/သောအခါ သေခြင်း/ကို ဖြစ်ပေါ်စေ၏။
16 ထို့ကြောင့် ချစ်သော/ညီအစ်ကို/မောင်နှမတို့… ယူဆမှု/မလွဲကြနှင့်။ 17 ကောင်းမြတ်သော/ဆုကျေးဇူး/နှင့် ပြီးပြည့်စုံသော/လက်ဆောင်များ အားလုံး/သည် ကောင်းကင်/အလင်များ/ကို ဖန်ဆင်းသော အဖ/ဘုရားသခင်/ထံမှ ရောက်လာသည်/ဖြစ်၍ အထက်/အရပ်/မှ ဖြစ်ကြ၏။ ကိုယ်တော်/သည် ရွေ့လျားတတ်သော/အရိပ်များ/ကဲ့သို့ ပြောင်းလဲတော်မမူ။ 18 ကိုယ်တော်/သည် မိမိ/အလိုတော်/နှင့်အညီ သမ္မာတရား/စကား/အားဖြင့် ကျွန်ုပ်တို့/ကို ဖြစ်ပွားစေတော်မူ၏။ ဤ/အရာ/မှာ ဖန်ဆင်းတော်မူ/သမျှသော/အရာတို့/တွင် ကျွန်ုပ်တို့/အား အဦးဆုံးသော/အသီး/ကဲ့သို့ ဖြစ်/စေရန် ဖြစ်၏။
ကြားနာခြင်း/နှင့် လိုက်နာကျင့်သုံးခြင်း
19 ချစ်သော ညီအစ်ကို/မောင်နှမတို့… ဤ/အချက်/ကို မှတ်သားကြလော့။ လူတိုင်း/သည် ကြားနာရာ/တွင် လျင်မြန်/၍ ပြောဆိုရာ/နှင့် ဒေါသထွက်ရာ/တွင် နှေးကွေး/သင့်၏။ 20 အဘယ်ကြောင့်ဆိုသော် လူ့/ဒေါသ/သည် ဘုရားသခင်/အလိုရှိတော်မူသည့် ဖြောင့်မတ်သော/ဘဝ/သို့ မရောက်စေနိုင်/သောကြောင့် ဖြစ်၏။ 21 ထိုကြောင့် အမျိုးမျိုးသော ညစ်ညူးခြင်း၊ ယုတ်ညံ့ခြင်း/အပေါင်းတို့/ကို ဖယ်ရှား/၍ သင်တို့/နှလုံးသား/၌ ထည့်သွင်းထားသော တရားတော်/ကို နှိမ့်ချ/စွာ လက်ခံကြလော့။ ထို/တရားတော်/သည် သင်တို့/ကို ကယ်တင်/နိုင်၏။
22 ထို/တရားတော်/ကို လိုက်နာကျင့်သုံးသော/သူ/ဖြစ်ကြလော့။ မိမိ/ကိုယ်ကိုယ် လှည့်စား/၍ ကြားနာ/ရုံမျှသာ ကြားနားသောသူ မဖြစ်စေကြနှင့်။ 23 တရားတော်/ကို ကြားနာ/သော်လည်း မကျင့်သုံးသောသူ/သည် မိမိ/မျက်နှာ/ကို မှန်/၌ 24 ကြည့်/ပြီးနောက် ထွက်သွားသည်/နှင့် သူ/၏ အသွင်အပြင်/ကို ချက်ချင်း/မေ့လျော့တတ်သောသူ/နှင့် တူ၏။ 25 သို့သော် လွတ်လပ်ခြင်း/သို့ ရောက်စေသည့် ပြီးပြည့်စုံသော တရားတော်/ကို ဆက်လက်/၍ ဂရုတစိုက် ကြည့်ရှုသူ/သည် ကြားနာရသည်/ကို မမေ့လျော့ဘဲ လိုက်နာ/ကျင့်သုံးသောသူ/ဖြစ်လျှင် ထိုသို့/ပြု/သောကြောင့် ဘုရားသခင်/သည် ထို/သူ/ကို ကောင်းချီးပေးတော်မူ/လိမ့်မည်။
26 တစ်စုံတစ်ယောက်/သည် မိမိကိုယ်ကိုယ် ဘာသာတရား/ကိုင်းရှိုင်းသူ/ဟု ထင်မြင်/သော်လည်း မိမိ/လျှာ/ကို မချုပ်တည်း/လျှင် မိမိကိုယ်မိမိb လှည့်ဖြားသူ/ဖြစ်၏။ သူ/၏ ဘာသာတရား/ကိုင်းရှိုင်းခြင်း/သည် အချည်းနှီး/ဖြစ်၏။ 27 ခမည်းတော်/ဘုရားသခင်/ရှေ့တော်/၌ သန့်ရှင်း/စင်ကြယ်သော/ဘာသာတရား/ကိုင်းရှိုင်းခြင်း/မှာ ဆင်းရဲဒုက္ခ/ကြုံနေသည့် မိဘမဲ့/နှင့် မုဆိုးမတို့/ကို ကြည့်ရှု/ပြုစုခြင်း၊ မိမိ/ကိုယ်တိုင်/ကိုလည်း လောကီ/ညစ်ညူးခြင်းတို့/မှ ကင်းစင်စေခြင်း/ဖြစ်၏။